3 Comments

UN နှင့် စစ်အစိုးရ ရိုဟင်ဂျာအရေး ဆွေးနွေး

http://webcache.googleusercontent.com/search?q=cache:z5rD67xQ7l4J:www.bur.irrawaddy.org/index.php/news/814-un—-+&cd=5&hl=en&ct=clnk

UN နှင့် စစ်အစိုးရ ရိုဟင်ဂျာအရေး ဆွေးနွေး

မစ္စတာ အန်တိုနီယို ဂတ္တာရီ (ဓာတ်ပုံ MPI)

ဧရာဝတီ Monday, 09 March 2009 19:36

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ရိုဟင်ဂျာများအရေးကိစ္စနှင့်ပတ် သက်ပြီး နေပြည်တော် ၌ မြန်မာ စစ်အစိုးရ တာဝန်ရှိ သူများနှင့် ယနေ့တွင်တွေ့ဆုံ ဆွေးနွေး ကြောင်းသိရသည်။

မစ္စတာ အန်တိုနီယို ဂတ္တာရီသည် စစ်အစိုးရ၏ ခွင့်ပြုချက်အခြေအနေအရ အင်္ဂါနေ့တွင် ရခိုင်ပြည်နယ် သို့ သွားရောက်၍ ယင်းဒေသရှိ ရိုဟင်ဂျာလူမှုအသိုင်းအ၀န်းနှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ရန်ကုန်မြို့ရှိ UNHCR ရုံးက ဧရာဝတီ သို့ ပြောသည်။မစ္စတာ အန်တို နီ ယို ဂတ္တာရီ နှင့် ယနေ့ တွေ့ဆုံသည့် စစ်အစိုးရ အရာရှိများတွင် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန များမှ အရာရှိများ ပါဝင်သည်ဟုလည်း ဆိုသည်။မစ္စတာ ဂတ္တာရီ ခရီးစဉ်သည် ရိုဟင်ဂျာ များ အရေးကိစ္စ တခုတည်းမဟုတ်ကြောင်းနှင့် လူသားချင်း စာနာမှုဆိုင် ရာ စိုးရိမ်ဖွယ်ရာ ကိစ္စများ လည်း ပါဝင်ကြောင်း သို့သော် အသေးစိတ်ကို ပြောဆိုခွင့် မရှိကြောင်း ရန်ကုန် UNHCR ရုံးက ပြောသည်။

မစ္စတာ ဂတ္တာရီ မြန်မာနိုင်ငံသို့ မလာမီ ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ပီရိုမရ နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံ၍ ရိုဟင်ဂျာအရေးကိစ္စကို UNHCR အနေနှင့် ပါဝင် ဆောင် ရန်အတွက် ဆွေးနွေး ခဲ့ကြောင်းလည်း သိရသည်။မစ္စတာ ကဆစ် နှင့်တွေ့ဆုံပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စနှင့် ရွှေ့ပြောင်းနေထိုင် လိုသူများနှင့်ပတ် သက်ပြီး ကောင်းမွန်သည့် ဘ၀ အခြေအနေများ ဖန်တီးပေးရေးကိစ္စများကို ဦးတည်ချက်ထား၍ မြန်မာနိုင်ငံသို့ သွားရောက် မည်ဖြစ်သည်ဟု  သတင်းထောက်များကို မစ္စတာ ဂတ္တာရီက ပြောကြားခဲ့သည်။အဆိုပါ ရွှေ့ပြောင်း ရိုဟင်ဂျာ များကို အကာအကွယ်ပေးရေးနှင့် ဘင်္ဂါလီ ဟုတ်မဟုတ် စုံစမ်းရန် ထိုင်းအစိုးရနှင့် UNHCR တို့က သဘောတူညီမှုရခဲ့ကြောင်း၊ မြန်မာအစိုးရကမူ ရိုဟင်ဂျာများသည် မြန်မာ တိုင်းရင်းသားမဟုတ် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေသည်ဟု ဆိုသည်။ မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ယခုကဲ့သို့ ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြကြောင်းသိရသည်။ ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် ပင်လယ်ပြင်တွင်း လှေဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ ဦးတည် ထွက်ခွာလာခဲ့ကြရာမှ ထိုင်းနိုင်ငံပင်လယ်ကမ်းခြေတွင် တရားမ၀င်ရွေ့ ပြောင်းရောက်ရှိ လာသူများ အဖြစ် လူ ၁၀၀၀ ကျော် သောင်တင်နေခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။

ရိုဟင်ဂျာ နှင့် ဘင်္ဂလီ မတူညီသော ကွာခြားချက်
written by kyaw san Oo, March 10, 2009

ယခု ဟိုလေတကျော် ဖြစ်နေသော ရိုဟင်ဂျာအရေးကိစ္စမှာ အလွယ်လေ ဖြေရှင်းနည်း တမျိုး ပြောပြချင်တယ်၊ ကျွန်တော်ဟာ ကချင် တိုင်းရင်သား တစ်ယောက်ဖြစ်တယ် မြန်မာနိုင်ငံမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား တွေ အားလုံးဟာ ရုပ်ရေအားဖြင့် အများဆုံး တူညီကြတယ် သို့သော်အားလုံးဟာ ဗမာတွေ မဟုတ်ဘူးဆိုတာ သိကြ မှာပါ ရုပ်ရေတူညီခြင်းဖြင့် နိုင်ငံတစ်ငံထဲက လူတွေအားလုံး လူထုအားလုံး လူမျိုးစု တစ်စု မဖြစ်နိုင်၊ကိုးကွယ် သည့်ဘာသာလည်း တစ်မျိုးတည်းမဖြစ်နိုင် ကိုယ်ယုံကြည်ရာ ကိုးကွယ်ကြမှာပါ ကိုးကွယ်ခွင့်လည်းရှိကြပါတယ်၊
မြန်မာနိုင်ငံ လူထု အနေနဲ့ ကိုယ်ချင်စာစိတ် အနည်းငယ်ထား၍ ရိုဟင်ဂျာ လူနည်းစု ဘက်က စဉ်စား ပေးစေချင်ပါတယ် ကျွန်တော်တို့ ရုပ်ရေတူညီသူတွေတောင် လူမျိုးတွေ၊ မျိုးနွယ်စု တွေမတူညီကြ ဘူးမဟုတ်လား ကိုးကွယ်သည့် ဘာသာလည်းမတူညီကြဘူးမဟုတ်လား ရိုဟင်ဂျာ တွေလည်း သမိုင်းကြောင်း အရ မြန်မာ့ ရေ မြေ ပထဝီ ဒေသ တည်းနေမှုအရ သူတို့ရဲ့ ရုပ်ရေဟာ တခြား တိုင်းရင်း သား တွေနဲ့ မတူခြင်းဖြင့် ဘင်္ဂလီ နိုင်ငံခြားသားလို့ ပြောလိုမရဘူး သူတို့ဟာ ဘင်္ဂလာဒေ့ရ် နှင့် ထိဆက်နေတဲ့ နယ်စပ် ဒေသဖြစ်လို ဘင်္ဂလီပြောလို မရဘူး၊သူတို့ရဲ့ ရုပ်ရေ ကတဖက် နိုင်ငံသားတွေနဲ့ တူကောင်းတူမယ် သို့သော် မြန်မာ လွတ်လပ်ရေး မရခင်ကတည်းက ထိုဒေသမှာ နေထိုင် နေတဲ့အတွက် ၊လွတ်လပ်ရေးနောက်ပိုင် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲက ဒေသ တစ်ခု ဖြစ်လာသောကြောင့် ထိုဒေသမှာနေထိုင်နေတဲ့ လူတွေလည်းမြန်မာ နိုင်ငံသား ဘဲဖြစ်ရမယ်၊၊ယနေ့ ကျွန်တော် အမြင်မှာ ရိုဟင်ဂျာတွေက လူတဖက်သား နစ်နာအောင် ပြုမှုခြင်း၊ပြည်ထောင်စု အပေါ်သစ္စာပျက်ပြာခြင်း မျိုးမတွေ့ရပါ၊ကျွန်တော်တို့ကသာ စစ်အစိုးရရေးတာ၊ပြောတာကို အဟုတ်မှတ်ပြီ ရိုဟင်ဂျာ လူနည်းစုအပေါ် စိတ်ဝမ်းကွဲနေကြတာပါ၊ကျွန်တော်ဟာ ရိုဟင်ဂျာ တွေဘက်က ရပ်တည်း၍ ရိုဟင်ဂျာ အရေးလုပ်ရှားသူ တစ်ဦးမဟုတ်ပါ၊ သို့သော် ရိုဟင်ဂျာ ဆန့်ကျင် ရေး သမားလည်းမဟုတ်ပါ မြတ်ဘုရားရှင်ဟောထားတဲ့ အတိုင်း အမှန်ကို အမှန်၊အရှိကို အရှိ ပြောနေ တာပါ တိုးတောင်လှတဲ့ ဒီလူ့ဘဝမှာကောင်းမှူးတစ်ခု မပြုနိုင်တောင် မကောင်းမှူး မှရှောင်းကျဉ်ကြဖို့ မြတ်ဘုရားရှင်ဟောထားပါတယ် ဒီကောမဲန်း ရေးရခြင်းရဲ့ အဓိကရည်းရွယ်ချက်က လူ့အခွင့်အရေး အတွက်ကြိုးပမ်း နေသော အမှန်တရားကိုရှာဖွေးနေသော မြန်မာ့လူထု အနေနဲ့ အမှန်တရားကို မျက် ကွယ်မပြုစေချင်ပါ၊၊ သူတို့လည်း လူသားများဖြစ်သော ကြောင်း တခြားလူသားတွေလိုဘဲ လူသားတို့မှာ ရှိသင့် ရှိထိုက်သော ရရှိ ရထိုက်သော အခွင့်အရေးများကို အတူတကွ ခံစားခွင့်ရှိကြပါတယ်၊၊

 

၇ိုဟင်ဂျာကိုငြင်းတလား၊မွတ်ဆလာမ်တွေကိုငြင်းတာလား
written by mg mg, March 10, 2009

၇ိုဟင်ဂျာဟာ ၇ခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ လူမျိုးစုတစ်ခု မဟုတ်ဘူးလို့ ငြင်းနေတဲ့ လူတွေကို မေးခွန်းတစ်ခုမေး ချင်တာက၊ ၇ခိုင်ပြည်နယ် အတွင်းမှာ နှစ်ပေါင်း ထောင်နဲ့ချီပြီး နေလာခဲ့တဲ့ ၇ခိုင်ပြည်တောင်ပိုင်းက မွတ်ဆလာမ် တွေကိုကော လက်ခံကြလို့လား။ တောင်ကုတ်မြို့၊ ဂွမြို့၊ မာန်အောင်မြို့၊ အမ်းမြို့တွေမှာ မွတ်ဆလာမ် သန့်၇ှင်းေ၇း လုပ်ထားတာဟာ ဘယ်စစ်တပ်ကမှ လာလုပ် တာ မဟုတ်ဘူး။ေ၇ှ့လူကြီတွေ မိမိေ၇ာက်တဲ့ အ၇ပ် တွေမှာကောင်းမှူ ကုသိုလ်လုပ်၇င် မိမိလူုမျိုး နာမည်နဲ့ ကမ္ဗည်းတင်ခဲ့တာတွေ ၇ှိခဲ့တယ်။ ၇န်ကုန်မြို့ မြယာကုန်းက ၇ခိုင်ဂျာမေ ဗလီကြီးမှာ၊ ၇ခိုင်လူမျိုးမှာ မွတ်ဆလာမ်မ၇ှိဘူး၊ ၇ခိုင်ဆိုတဲ့ စကားလုံးကို ခြိမ်းခြောက်ပြီး လာဖျက်ခိုင်းတာ
စစ်တပ် က မဟုတ်ဘူး။ ၇ခိုင်ပြည်နယ်မှာ လူအများစုဟာ အလွန်၇ိုးသားကြပြီး ၊တချို့ လူတစုဟာ အလွန် အစွန်းေ၇ာက် ကြတယ်။ ဒီလူတွေဟာ ၇ခိုင်ပြည်နယ် အတွင်းက မွတ်ဆလာမ် တမျိုးတဲကို ဘဲမုန်းတီးနေတာ မဟုတ်ဘဲ၊ ၇ခိုင်ဗုဒ္ဓဘာ သာဝင်တွေကလွဲပြီး တခြားလူမျိုး၊ တခြားဘာသာဝင်တွေ အားလုံး ၇ခိုင်ပြည်ထဲမှာ နေတာကို မလိုလားကြပါ။ ၇ခိုင်ပြည်နယ်နဲ့ ၇ခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ လူတွေအကြောင်းကို ဝေဖန်ချင်တယ်ဆို၇င်၊ ၇ခိုင်ပြည်နယ် အတွင်းကို မိမိကိုတိုင် သွားေ၇ာက်ပြီး၊ ၇ခိုင်လူမျိုးတွေ၇ဲ့ လူမှူဘ၀ အခြေအနေ၊ မွတ်ဆလာမ်တွေ၇ဲ့ အခြေအနေ၊ တွေကို
လေ့လာသင့်တယ်လို့ အကြံပြုပါ၇စေ။ ဒီလူတွေ အားလုံးကို ဘယ်သူတွေက သွေးခွဲအုပ်ချုပ်နေလဲ။ ၇ခိုင်လူမျိုးနဲ့ ၇ခိုင် ပြည်နယ်ပါ ပျောက်သွားအောင် စီမံကိန်းချပြီး လုပ်နေတာဟာ ၇ခိုင်ပြည်နယ် အတွင်းမှာ ဆွေစဉ်မျိုးဆက် နေလာခဲ့တဲ့ တိုင်း၇င်းသား မွတ်ဆလာမ်တွေလား၊ ဒါမှမဟုတ် ဘယ်သ တွေလဲ ဆိုတာ ၇ခိုင်ပြည် အတွင်းမှာ နေထိုင်နေတဲ့ မိမိဆွေ မျိုးသားချင်းတွေကို မေးကြည့် စေချင်ပါတယ်။

3 comments on “UN နှင့် စစ်အစိုးရ ရိုဟင်ဂျာအရေး ဆွေးနွေး

  1. လူမျိုးဘာသာခွဲခြားနေခြင်းမဟုတ်ပါ။မီးရှို့အကြမ်းဖက်မှု ကိုဖြေရှင်းခြင်းဖြစ်ပါသည်။နိုင်ငံထဲတွင်နေတိုင်းနိုင်ငံသားမဟုတ်ပါ။ရိုဟင်ဂျာတွေကလူတဖက်သားနစ်နာအောင်မလုပ်ဟုဆိုလျှင်မီးရှို့နေသူများ၊ဒုက်ခသယ်စခန်းတွင်နေရအောင်လုပ်နေသူများမှာမည်သူလဲဟုမေးရန်ရှိပါသည်။နရခိုင်များဘက်မှကိုယ်ခြင်းစာရေးသားခြင်းနပပမဟုတ်ပဲတဘက်ထဲမှရေးသားခြင်းဖြစ်သဖြင့်ကချင်ဟုမယုံကြည်ပါဓဓနနပပဖဖသဗဗဘဘဘဘဘပဒထယဒနလပဖသဗဗဝဝဝဝဝသ

    နန။မ ရလန
    ရခိုင်တောင်ပိုင်းက မွတ်ဆလင်တွေ

  2. ရခိုင်တောင်ပိုင်းက မွတ်ဆလင်တွေကိုလက်မခံကြသဖြင့်ဂွ၊အမ်း၊မာန်အောင်၊တောင်ကုတ်မြို့များတွင်မီးရှို့ခံရမှုမဖြစ်ပွါးပါ။ထို့ကြောင့်ကိုယ့်ကြမာကိုယ်ဖန်တီးကြခြင်းဖြစ်ပါသည်။မည်သူမှသွေးခွဲအုပ်ချုပ်ခြင်းမရှိပါ။

Leave a comment